Skip to content

Scepter အကြောင်း ကျမ်းစာအခန်းငယ်များ

10 အခန်းငယ် · 5 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ရှိလော မရောက်မှီတိုင်အောင်၊ ရာဇလှံတံသည် ယုဒထံမှ၎င်း၊ မင်းအာဏာသည် သူ၏အမျိုး အနွယ်ထံမှ၎င်း မရွေ့ရ။ ရှိလော၌ လူမျိုးတို့သည် ဆည်းကပ်ကြလိမ့်မည်။

  2. ထိုအရာကို ငါမြင်၏။ သို့သော်လည်း ယခု မဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သို့သော်လည်း ဖြစ်ရသော အချိန် မနီးသေး။ ကြယ်တလုံးသည် ယာကုပ် အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး ၌ ထင်ရှားလိမ့်မည်။ မောဘပြည်စွန်းတိုင်အောင် ထိခိုက် ၍ မငြိမ်မဝပ်ရုန်းရင်းခပ် ပြုတတ်သော သူအပေါင်းတို့ကို ဖျက်ဆီးလိမ့်မည်။

  3. ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင် ခေါ်တော်မမူဘဲ အတွင်းတန်တိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည် အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော် မျိုးများနှင့် နိုင်ငံတော်ပြည်သူပြည်သားများအပေါင်းတို့ သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊

  4. မိဖုရား ဧသတာသည် တန်တိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်မြင်လျှင်၊ နူးညွတ်သောစိတ်ရှိ၍ လက်တော်၌ပါသော ရွှေရာဇလှံတံကို၊ ဧသတာသို့ ကမ်း တော်မူသဖြင့်၊ ဧသတာသည် ချဉ်းကပ်၍ ရာဇလှံတံ တော်အထွဋ်ကို တို့လေ၏။

  5. ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည် ထ၍ရှင်ဘုရင် ရှေ့တော်၌ ရပ်လျက်၊

  6. သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။

  7. အကြောင်းမူကား၊ မိဒျန်လက်ထက်၌ ပြုတော် မူသကဲ့သို့၊ ကိုယ်တော်သည် သူတို့ထမ်းရသောထမ်းဘိုး၊ ကျော၌ခံရသောတုတ်ကို၎င်း၊ ညှဉ်းဆဲသောသူ၏ လှံတံကို၎င်း ချိုးတော်မူပြီ။

  8. လူသတ္တဝါတို့ကို အမျက်ထွက်၍၊ အစဉ်မပြတ် ရိုက်ခြင်း၊အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍၊အစဉ်မပြတ် ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မ လူတို့၏တောင်ဝေးကို၎င်း၊

  9. ထိုသူသည် သူတို့ကိုသံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်။

  10. ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့၎င်း ၊ ပလ္လင်တော်သို့၎င်း ချီယူတော်မူ၏။