Sanctuary အကြောင်း ကျမ်းစာအခန်းငယ်များ: The holy place in the temple
The holy place in the temple အကြောင်း အခန်းငယ်များ
ထာဝရဘုရားသည် မိမိယဇ်ပလ္လင်တော်ကို ပယ်တော်မူပြီ။ မိမိသန့်ရှင်းရာဌာနတော်ကို စက်ဆုပ် တော်မူပြီ။ ဘုံဗိမာန်တော်ကို ရန်သူလက်သို့ အပ်တော် မူသဖြင့်၊ ပွဲသဘင်ခံသောနေ့၌ အသံပြုသကဲ့သို့၊ ရန်သူတို့ သည်ထာဝရဘုရား၏ အိမ်တော်၌အသံပြုကြပြီ။
အိုထာဝရဘုရား၊ ကိုယ်တော်သည် အဘယ်သူ၌ ဤသို့စီရင်တော်မူသည်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ မိန်းမသည် မိမိရင်သွေး၊ မိမိချီပိုက်သော သားကို စားရပါ မည်လော။ ယဇ်ပုရောဟိတ်နှင့် ပရောဖက်သည် ထာဝရ ဘုရား၏ သန့်ရှင်းရာဌာနတော်၌ အသေသတ်ခြင်းကို ခံရပါမည်လော။
လေးမျက်နှာကိုတိုင်း၍ ပတ်လည်း၌ရှိသော တန်တိုင်သည် သန့်ရှင်းသောအရပ်၊ မသန့်ရှင်းသော အရပ်တို့ကို ပိုင်းခြင်းလျက်၊ အလျားအပြန်ငါးရာ၊ အနံ လည်း အပြန်ငါးရာရှိ၏။