Skip to content

Samson အကြောင်း ကျမ်းစာအခန်းငယ်များ: His great strength

9 အခန်းငယ် · 12 ရှုထောင့်

His great strength အကြောင်း အခန်းငယ်များ

  1. ရှံဆုန်ကလည်း၊ ထိုသို့ ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက်စွာ နေမည်ဟု ဆိုလျက်၊

  2. သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား၍ နေ၏။

  3. တဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ ချီသွား၍ တပ်ချသဖြင့်၊ လေဟိအရပ်၌ အနှံ့အပြားနေကြ၏။

  4. ယုဒလူတို့ကလည်း၊ အဘယ်ကြောင့် ချီလာကြသနည်းဟု မေးသော်၊ ငါတို့၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကို ချည်နှောင်၍ ပြုခြင်းငှါ ချီလာသည်ဟု ပြန်ပြောကြ၏။

  5. ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့ သွား၍၊ ဖိလိတ္တိလူတို့သည် ငါတို့သခင် ဖြစ်ကြောင်းကို သင်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ ပြုသနည်းဟု မေးသော်၊ ငါ၌ သူတို့ပြုသကဲ့သို့ သူတို့၌ ငါပြုပြီဟု ပြန်ပြော၏။

  6. သူတို့ကလည်း၊ သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှါ ယခု ငါတို့ လာကြပြီဟုဆိုသော်၊ ရှံဆုန်က၊ သင်တို့သည် ကိုယ်တိုင် ငါ့ကို မလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင်၊

  7. သူတို့က၊ ငါတို့သည် မလုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင်၍ သူတို့လက်၌ အပ်မည်။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင်၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ၏။

  8. လေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သော ကြိုးတို့သည် မီးထိသော ပိုက်ဆန်ကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။

  9. ထိုမှတပါး၊ အဘယ်သို့ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေ လမှစ၍ ပရောဖက်တို့အကြောင်းများကို ပြော၍မကုန်နိုင်။