Skip to content

Rephaim အကြောင်း ကျမ်းစာအခန်းငယ်များ

9 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. တဆယ်လေးနှစ်မြောက်လျှင်၊ ခေဒေါရလောမာမင်းသည်၊ မိမိဘက်ကနေသော မင်းကြီးတို့နှင့် တကွလာ၍၊ အာရှတရုတ်ကာနိမ်မြို့၌၊ ရေဖိမ်လူများကို၎င်း၊ ဟာမမြို့၌ ဇူဇိမ်လူ များကို၎င်း၊ ကိရယသိမ်ချိုင့်၌ ဧမိမ်လူများကို၎င်း၊

  2. ဟိတ္တိလူ၊ ဖေရဇိလူ၊ ရေဖိမ်လူ၊ အာမောရိလူ၊ ခါနနိလူ၊ ဂိရဂါရှိလူ၊ ယေဗုသိလူတို့ကို၎င်း၊

  3. ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ ခေါ်ကြ၏။

  4. ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏ နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သား တို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။

  5. အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာ ကျန်ကြွင်း ၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေး တောင်ရှိသော သူ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်မြို့ ၌ ရှိသည်မဟုတ်လော။

  6. ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည် လုံးကို မနာရှေအမျိုးသားတဝက်အား ငါပေး၏။

  7. ဟေရမုန်တောင်နှင့် သာလကပြည်ကို၎င်း၊

  8. အလွန်ကြီးမားသောလူမျိုးထဲက ကျန်ကြွင်း သောသူ၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ မင်းပြုသော ဗာရှန် ရှင်ဘုရင်ဩဃ၏ နိုင်ငံတရှောက်လုံးပါသတည်း။ ထိုမင်း တို့ကို မောရှေသည် လုပ်ကြံ၍ ပယ်ရှားလေ၏။

  9. ယောရှုက၊ သင်တို့သည် အမျိုးကြီးဖြစ်၍ ဧဖရိမ်တောင် ကျဉ်းမြောင်းလျှင်၊ တောအရပ်သို့သွား၍ ဖေရဇိပြည်၊ ရေဖိမ်ပြည်၌ ခုတ်လှဲကြလော့ဟု ပြန်ပြော ၏။