Reaping အကြောင်း ကျမ်းစာအခန်းငယ်များ: The judgments of God on the antichristian world
The judgments of God on the antichristian world အကြောင်း အခန်းငယ်များ
တဖန်ငါကြည့်လျှင်၊ ဖြူသောမိုဃ်းတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ်၌ ရွှေ သရဖူကိုဆောင်းလျက်၊ ထက်သော တံစဉ်ကို ကိုင်လျက်၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်တော်မူ၏။
ကောင်းကင်တမန်တပါးသည် ဗိမာန်တော်ထဲက ထွက်၍၊ ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ စပါးကို ရိတ်တော်မူပါ။ ရိတ်ရသောအချိန်ရောက်ပါပြီ။ မြေကြီး၌ ရိတ်စရာစပါးမှည့်ပါပြီဟု မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူ ကို ကြီးသောအသံနှင့်ဟစ်လေ၏။
မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး၌ သွင်း၍မြေကြီး၏ စပါးကိုရိတ်တော်မူ၏။