Quail အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြား တက်လာကြ၏။ နံနက်ယံ၌လည်း တပ်ပတ်လည် အရပ်ရပ်တွင် နှင်းကျလျက်ရှိ၏။
ထိုအခါ ထာဝရဘုရားသည် လေကိုစေလွှတ်၍၊ ငုံးများကို ပင်လယ်မှ ဆောင်ခဲ့သဖြင့်၊ တပ်ပတ်လည် တရက်ခရီးစီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေပေါ်မှာ ဒုနှစ်တောင်ခန့်မျှ ဆင်းစေတော်မူ၏။
လူများတို့သည် တနေ့လုံး၊ တညဉ့်လုံး၊ နက်ဖြန် လည်း တနေ့လုံးထ၍ ငုံးများကို စုသိမ်းကြ၏။ နည်းနည်း သိမ်းသော သူသည် ဆယ်ဟောမဲကို သိမ်းရ၏။ တပ်ပတ် လည်အရပ်ရပ်၌ ဖြန့်ထားကြ၏။
သူတို့သည် တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲ စေတော်မူ၏။