Purifications အကြောင်း ကျမ်းစာအခန်းငယ်များ: Sprinkling
Sprinkling အကြောင်း အခန်းငယ်များ
လူသေကောင်ကိုထိ၍ ကိုယ်ကို မသန့်ရှင်းစေ သောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ ၏။ ထိုသူကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။ စင် ကြယ်စေသောရေဖြန်းခြင်းကို မခံသောကြောင့် မစင် ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့ မရောက်သေး။
စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍ တဲပေါ်မှာ၎င်း၊ တန်ဆာများ၊ တဲ၌ရှိသော လူများပေါ်မှာ၎င်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချိုင်းကို ထိသောသူပေါ်မှာ၎င်း၊ ထိုရေကို ဖြန်းရမည်။
တရားတော်၌ ပါသမျှသော ပညတ်တို့ကို မောရှေသည် လူအပေါင်းတို့အား ဟောပြောပြီးမှ၊ ရေနှင့်ရောနှောသောနွား၊ ဆိတ်၏အသွေးကိုယူ၍၊ အနီဆိုးသော သိုးမွေးတပ်သောဟုဿုပ်ပင်ညွန့်နှင့်၊ ကျမ်းစာကို၎င်းလူအပေါင်းတို့ကို၎င်း ဖြန်းလျက်၊