Purifications အကြောင်း ကျမ်းစာအခန်းငယ်များ: Of the healed leper
Of the healed leper အကြောင်း အခန်းငယ်များ
စင်ကြယ်စေရသော သူသည် မိမိအဝတ်ကို လျှော်၍၊ မိမိဆံပင်ကို အကုန်အစင် ရိတ်ပြီးမှ၊ စင်ကြယ် စေခြင်းငှါ ရေချိုးရမည်။ ထိုနောက်၊ တပ်ထဲသို့ ဝင်၍၊ မိမိတဲပြင်၌ ခုနစ်ရက်နေရမည်။
သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေးရှိသမျှကို ရိတ်၍၊ မိမိအဝတ်ကို လျှော်ပြီးမှ၊ ရေချိုး၍ စင်ကြယ်ရ၏။