Profane Swearing အကြောင်း ကျမ်းစာအခန်းငယ်များ: Punishment for
Punishment for အကြောင်း အခန်းငယ်များ
ထာဝရဘုရား၏ နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်းတို့သည် ထိုသူကို အမှန် ကျောက်ခဲနှင့် ပစ်ရကြမည်။ အမျိုးသားချင်းဖြစ်စေ၊ တပါး အမျိုးသားဖြစ်စေ၊ နာမတော်ကို ပြစ်မှားလျှင် အသေသတ်ခြင်းကို ခံရမည်။
ဣသရေလအမျိုးသားတို့သည်၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ရမည် အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည် အတိုင်း သူတို့သည် ပြုကြ၏။
သူတို့ပြောမိသော စကားတည်းဟူသော သူတို့ နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေ သော။ သူတို့ ကျိန်ဆဲသော စကားနှင့် မုသာစကားကြောင့်၊
သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။
အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါ စေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့၎င်း၊ ဆီကဲ့သို့ သူ၏အရိုး ထဲသို့၎င်း ဝင်ပါစေ။