Profane Swearing အကြောင်း ကျမ်းစာအခန်းငယ်များ: Nations visited for
Nations visited for အကြောင်း အခန်းငယ်များ
အကြောင်းမူကား၊ မတရားသော မေထုန်၌မှီဝဲ သောသူတို့သည် တပြည်လုံး၌ အနှံ့အပြားရှိကြ၏။ ထိုသူတို့ကြောင့် တပြည်လုံးမြည်တမ်းရ၏။ တော၌ ကျက်စားရာအရပ်တို့သည် သွေ့ခြောက်ကြ၏။ ပြည်သား များလိုက်သောလမ်းသည် မဖြောင့်၊ သူတို့အစွမ်းသတ္တိ သည် တရားဘက်၌ မနေတတ်။
အိုဣသရေလအမျိုးသားတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့နှင့် တရားတွေ့မူရှိတော်မူ၏။ အကြောင်းမူကား၊ သူတို့သည် သစ္စာမရှိ၊ ကရုဏာမရှိ၊ ဘုရားသခင်ကို မသိကြ။
ကျိန်ဆဲခြင်း၊ မုသာစကားကို ပြောခြင်း၊ လူ အသက်ကို သတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ သူ့မယားကို ပြစ်မှားခြင်းတို့၌ အဆီးအတားမရှိ။ လူအသက်ကို သတ်သောအပြစ် အထပ်ထပ်ရှိကြ၏။
ထိုကြောင့်၊ ပြည်သည် ငြိုငြင်လိမ့်မည်။ ပြည် သားအပေါင်းတို့နှင့်တကွ၊ တောသားရဲ၊ မိုဃ်းကောင်းကင် ငှက်တို့သည် အားလျော့ကြလိမ့်မည်။ ပင်လယ်ငါးတို့ သည်လည်း ကုန်ကြလိမ့်မည်။