Skip to content

Priscilla အကြောင်း ကျမ်းစာအခန်းငယ်များ

10 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုနောက် ပေါလုသည် အာသင်မြို့မှ ထွက်သွား ၍ ကောရိန္တု မြို့သို့ရောက်လေ၏။

  2. ထိုအခါယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိ သည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလနှင့်တကွမကြာမမြင့်မှီ ရောက်လာသည်ကို ပေါလုတွေ့လျှင်သူတို့ဆီသို့ဝင်၍၊

  3. အလုပ်ချင်းတူသောကြောင့်၊ သူတို့နှင့်နေ၍ အလုပ်လုပ်လေ၏။ ထိုသူတို့သည် တဲရှင်ကိုချုပ်တတ် သော အချုပ်သမားဖြစ်ကြ၏။

  4. ထိုနောက်မှပေါလုသည် တာရှည်စွာနေပြီးမှ ညီအစ်ကိုတို့ကို အခွင့်တောင်း၍ ထိုမြို့မှထွက်သွား၏။ အထက်ကသစ္စာဂတိပြုသည်နှင့် အညီ ကင်ခြေမြို့၌ ခေါင်းရိတ်ခြင်းကိုခံပြီးလျှင်၊ ပြစ်ကိလနှင့် အာကုလကို ခေါ်၍ ရှုရိပြည်သို့သင်္ဘောနှင့် လွှင့်လေ၏။

  5. ဧဖက်မြို့သို့ရောက်လျှင်၊ တရားစရပ်သို့ဝင်၍ ယုဒလူတို့နှင့် ဆွေးနွေးနှီးနှောလေ၏။

  6. ထိုသူသည် တရားစရပ်၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ဘုရားသခင်၏ ဘာသာတရားကိုသာ၍ သေချာစွာ သင်ကြားကြ၏။

  7. ငါနှင့်အတူယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့်အာကုလကို နှုတ်ဆက်ကြ လော့။

  8. ထိုသူတို့သည် ငါ့အသက်အဘို့မိမိတို့လည်ပင်းကို ချထားသော သူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါ တယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တပါးအမျိုးသားအသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။

  9. အာရှိပြည်၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့သည် သူတို့ အိမ်၌ရှိသော အသင်းတော်နှင့်တကွ၊ သခင်ဘုရားကို ထောက်၍ သင်တို့ကို များစွာနှုတ်ဆက်ကြ၏။

  10. ပြစ်ကိလနှင့်အာကုလမှစ၍ ဩနေသိဇော်၏ အိမ်သူအိမ်သားများကို နှုတ်ဆက်လော့။