Pottery အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
မြောက်မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍၊ သူသည် လာလိမ့်မည်။ နေထွက်ရာမှလာ၍ ငါ့နာမကို ပဌနာပြုလိမ့်မည်။ အိုးထိန်းသမားသည် အိုးမြေကို နင်းသကဲ့သို့၊ ထိုသူသည် မင်းတို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်းလိမ့်မည်။
ငါသည်သွား၍၊ အိုးထိန်းစက်နှင့် လုပ်လျက်ရှိ သော အိုးထိန်းသမားကိုတွေ့၏။
အိုးမြေဖြင့် လုပ်သောအိုးသည်၊ အိုးထိန်းသမား လက်၌ ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက် အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏။
တိုင်ပင်ပြီးမှ၊ အိုးထိန်းသမား၏ မြေအကွက်ကို တပါးအမျိုးသားတို့၏သင်္ချိုင်းဖြစ်စေဘို့ရာ ထိုငွေနှင့် ဝယ်ကြ၏။
ထိုအကြောင်းကို အစွဲပြု၍ ယခုတိုင်အောင် ထိုမြေအကွက်ကို သွေးမြေဟု ခေါ်တွင်ကြ၏။
ပရောဖက်ယေရမိဟောသည်ကား၊ ဣသရေလလူတို့သည် အဘိုးပြက်သောသူ၏ ကိုယ်ဘိုးငွေသုံး ဆယ်ကို သူတို့သည် ယူ၍ ထာဝရဘုရားသည် ငါ့ကို မှာထားတော်မူသည်အတိုင်း၊
အိုးထိန်းသမား၏မြေအကွက်ကို ဝယ်ကြ၏ဟူသော စကားသည်ထိုအခါပြည့်စုံခြင်းသို့ ရောက်လေ၏။