အကြောင်းအရာသို့ ကျော်သွားရန်

Peter အကြောင်း ကျမ်းစာအခန်းငယ်များ: A fisherman

9 အခန်းငယ် · 35 ရှုထောင့်

A fisherman အကြောင်း အခန်းငယ်များ

  1. ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊

  2. တရံရောအခါ ဂင်္နေသရက်အိုင်နားမှာ ရပ်တော်မူ၍၊ လူများတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တရားကို နားထောင်ခြင်းငှါ ကိုယ်တော်အနီးသို့ တိုးဝင်ကြစဉ်တွင်၊ ကမ်းနားမှာဆိုက်သော လှေနှစ်စင်းမြင် တော်မူ၏။

  3. တံငါတို့သည် လှေထဲကထွက်၍ပိုက်ကွန်တို့ကို ဆေးလျှော်လျက်နေကြ၏။

  4. ထိုလှေတို့တွင် ရှိမုန်၏ လှေထဲသို့ ဝင်တော်မူပြီးလျှင်၊ လှေကိုကမ်းနားမှာ အနည်းငယ်ခွာဖွင့်စေခြင်းငှါ ရှိမုန်ကို အခွင့်တောင်းတော်မူ၏။ ထိုလှေပေါ်မှာ ထိုင်လျက် လူများတို့ကို ဆုံးမဩဝါဒပေးတော်မူ၏။

  5. စကားတော်ပြတ်သောအခါ၊ ရေနက်ရာအရပ်သို့ ရွှေ့ဦးလော့။ ပိုက်ကွန်ကိုချ၍ ငါးကိုအုပ်စမ်းလော့ ဟု ရှိမုန်အားမိန့်တော်မူ၏။

  6. ရှိမုန်ကလည်း၊ သခင်၊ အကျွန်ုပ်တို့သည် တညဉ့်လုံးကြိုးစားသော်လည်း တကောင်ကိုမျှမရပါ။ သို့ရာ တွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်ဟု လျှောက်လေ၏။

  7. ထိုသို့ချကြပြီးလျှင်၊ အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့် ပိုက်ကွန်သည် စုတ်ပျတ်စရှိ၏။

  8. အခြားသော လှေတစင်း၌ရှိသော အပေါင်းအဘော်တို့သည်လာ၍ကူညီစေခြင်းငှါ သူတို့ကို အမှတ် ပေးသဖြင့်၊ သူတို့သည်လာ၍ လှေနှစ်စင်း နစ်လုမတတ် ငါးနှင့်ပြည့်စေကြ၏။

  9. ရှိမုန်ပေတရုက၊ ကျွန်ုပ်သည် ငါးဘမ်းသွားမည်ဟုဆိုလျှင်၊ ထိုသူတို့က၊ အကျွန်ုပ်တို့လည်းလိုက်မည်ဟု ပြောဆိုသည်နှင့်ထွက်သွားကြ၏။ ချက်ခြင်းလှေထဲသို့ဝင်၍ ထိုညဉ့်တွင် တကောင်ကိုမျှမရကြ။