Oppression အကြောင်း ကျမ်းစာအခန်းငယ်များ: God's aid promised against
God's aid promised against အကြောင်း အခန်းငယ်များ
ဆင်းရဲသောသူသည် ခံရသောညှဉ်းဆဲခြင်း၊ ငတ်မွတ်သောသူ၏ ငိုကြွေးခြင်းကြောင့် ယခုငါထမည်။ ကဲ့ရဲ့ခြင်းကိုခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
ထိုမင်းသည် ကိုယ်တော်၏ လူတို့တွင် ဆင်းရဲ သားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏ သား သမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက် ပါလိမ့်မည်။
သူတို့အသက်ကို လှည့်စားခြင်းနှင့်ညှဉ်းဆဲခြင်း၏ လက်မှ ရွေးနှုတ်၍၊ သူတို့အသွေးကို နှမြောတော်မူလိမ့် မည်။
သို့ရာတွင်၊ သူတို့ကိုရွေးနှုတ်သော သခင်သည် အားကြီး၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ဘွဲ့နာမရှိတော်မူ၏။ ထိုသခင်သည်သူတို့ အမှုကို ကျပ်တည်းစွာစောင့်၍၊ ပြည်တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန်မြို့သူမြို့သားတို့ကို နှောင့်ရှက်လျက် ပြုတော်မူမည်။