အကြောင်းအရာသို့ ကျော်သွားရန်

Nazareth အကြောင်း ကျမ်းစာအခန်းငယ်များ: People of, reject Jesus

15 အခန်းငယ် · 4 ရှုထောင့်

People of, reject Jesus အကြောင်း အခန်းငယ်များ

  1. ကြီးပွားတော်မူရာ နာဇရပ်မြို့သို့ ရောက်ပြန်လျှင်၊ ထုံးစံတော်ရှိသည်အတိုင်း ဥပုသ်နေ့၌ တရားစရပ် သို့ ဝင်၍ ကျမ်းစာကို ဘတ်ရွတ်ခြင်းငှါ ထတော်မူ၏။

  2. စရပ်စောင့်သည် ပရောဖက်ဟေရှာယ၏ ကျမ်းစာကိုပေးသည်ဖြစ်၍၊ ကျမ်းစာကိုဖွင့်တော်မူလျှင် တွေ့ သောအချက်စကားဟူမူကား၊

  3. ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။

  4. အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ် ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟု လာသတည်း။

  5. ကျမ်းစာကိုလိပ်၍ စရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ စရပ်၌ရှိသောသူအပေါင်းတို့သည် ကိုယ် တော်ကိုစေ့စေ့ကြည့်လျက်နေကြ၏။

  6. ယေရှုကလည်း၊ ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြာသည်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော် မူ၏။

  7. ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍၊ တင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့ဩ ချီးမွမ်းလျက်၊ ဤသူသည် ယောသပ်၏ သားမဟုတ်တုံသောဟု ဆိုကြ၏။

  8. ယေရှုကလည်၊ အကယ်၍သင်တို့သည် ပုံပမာဆောင်လျှက်၊ အချင်းဆေးသမား၊ ကိုယ်အနာကို ငြိမ်း စေလော့။ ငါတို့သည် သိတင်းကြားသည်အတိုင်း၊ သင်သည် ကပေရနောင်မြို့၌ ပြုသမျှသော အမှုအရာတို့ကို ကိုယ်နေရင်းမြို့၌လည်း၊ ပြုပါဟူ၍ ငါ့အား ပြောဆိုကြလိမ့်မည်။ သို့သော်လည်း၊ ငါအမှန်ဆိုသည်ကား၊

  9. အဘယ်ပရောဖက်မျှ မိမိနေရင်းမြို့၌ မျက်နှာမရတတ်။

  10. ငါအမှန်ဆိုပြန်သည်ကား၊ ပရောဖက် ဧလိယ လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုဃ်းခေါင်၍၊ ပြည်နိုင်ငံတလျှောက်လုံး အစာအဟာရအလွန်ခေါင်းပါးခြင်း ရှိသောအခါ၊ ဣသရေလအမျိုးဖြစ်သော မုတ်ဆိုးမ အများရှိကြ၏။

  11. သို့သော်လည်း၊ ထိုမုဆိုးမတယောက်ရှိရာသို့မျှ ဧလိယကိုစေလွှတ်တော်မမူ။ ဇိဒုန်ပြည် ဇရတ္တမြို့သူ ဖြစ်သော မုတ်ဆိုးမတယောက်ရှိရာသို့ စေလွှတ်တော်မူ၏။

  12. ပရောဖက် ဧလိရှဲလက်ထက်တွင်လည်း၊ ဣသရေလအမျိုး၌ နူနာစွဲသောသူအများရှိကြ၏။ သို့သော် လည်း၊ နေမန်အမည်ရှိသော ရှုရိလူမှတပါး အဘယ်သူမျှ သန့်ရှင်းခြင်းသို့ မရောက်ဟုမိန့်တော်မူ၏။

  13. တရားစရပ်၌ရှိသော လူအပေါင်းတို့သည် ထိုစကားတော်ကို ကြားသောအခါ ပြင်းစွာအမျက်ထွက် သည်နှင့်၊

  14. ထ၍ ကိုယ်တော်ကိုမြို့ပြင်သို့ နှင်ထုတ်ပြီးလျှင်၊ ထိုမြို့တည်ရာ တောင်ထိပ်စွန်းအငူမှ စောင့်ထိုးတွန်းချ ခြင်းငှါ ဆောင်သွားကြ၏။

  15. ကိုယ်တော်သည် သူတို့အလယ်၌ လျှောက်၍ ကြွသွားတော်မူ၏။