Month အကြောင်း ကျမ်းစာအခန်းငယ်များ: 9. Chisleu (December):
9. Chisleu (December): အကြောင်း အခန်းငယ်များ
ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင်၊ ယေရုရှလင်မြိုးမှာ စည်းဝေး၍ နဝမလအရက်နှစ်ဆယ်တွင်၊ လူအပေါင်းတို့ သည် ထိုအမှုကြောင့်၎င်း၊ သည်းထန်စွာ မိုဃ်းရွာသော ကြောင့်၎င်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦး ရှေ့မှာ ထိုင်နေကြ၏။
ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံငါးနှစ်၊ နဝမလတွင် ယေရုရှလင်မြို့သားအပေါင်း တို့နှင့်၊ ယုဒမြို့ရွာမှ ယေရုရှလင်မြို့သို့ ရောက်လာသော သူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ အစာ ရှောင်ရာအချိန်ကို ကြော်ငြာကြ၏။
ထိုအခါနဝမလဖြစ်၍၊ ရှင်ဘုရင်သည် ဆောင်း ကာလ၌ စံပျော်ရာနန်းအခန်းတွင်ထိုင်၍၊ ရှေ့တော်၌ မီးမယ်ဖျူးပေါ်မှာ မီးခဲပုံရှိ၏။
ဒါရိမင်းကြီးနန်းစံလေးနှစ်၊ ခိသလုမည်သော နဝမလလေးရက်နေ့တွင်၊