Skip to content

Messenger အကြောင်း ကျမ်းစာအခန်းငယ်များ

9 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထိုအခါ ထာဝရဘုရားမှာထားတော်မူသည် အတိုင်း ထာဝရဘုရား၏ တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့ နှင့်အတူရှိ၏ဟု၊ ထာဝရဘုရား မိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။

  2. ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် ပညာကို စောင့်ရမည်။ သူ၏နှုတ်၌ လူတို့သည် တရားတော်ကို ရှာရကြမည်။ အကြောင်းမူကား၊ သူသည် ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားစေလွှတ်တော်မူသော တမန်ဖြစ်၏။

  3. ကြည့်ရှုလော့။ ငါသွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို ငါစေလွှတ်မည်။ သင်တို့ ရှာသောသခင်၊ သင်တို့တောင့်တသော ပဋိညာဉ်တမန်တော်သည် မိမိ ဗိမာန်တော်သို့ ချက်ချင်းလာလိမ့်မည်။ ကြည့်ရှုလော့။ ထိုသခင်လာလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။

  4. ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက် ဘွယ်သော နေ့ရက်ကြီး မရောက်မှီ၊ ပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။

  5. ငါသည် လာ၍ သင်တို့၏ပြည်ကို ကျိန်ခြင်းဘေး နှင့် ဒဏ်မခတ်မည်အကြောင်း၊ ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို၎င်း၊ အဘတို့နှင့်သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်ဟု မိန့်တော်မူ၏။ ဓမ္မဟောင်းကျမ်းတို့တွင် နောက်ဆုံးကျမ်းတည်းဟူသော၊ ပရောဖက်မာလခိစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။

  6. ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကိုသင့်ရှေ့၌ ငါ စေလွှတ်၏ဟု ဆိုရာ၌ ထိုသူကိုဆိုလိုသတည်း။

  7. အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသောငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။

  8. ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကိုပြရသော ငါ၏တမန်ကိုသင့်ရှေ့၌ ငါစေ လွှတ်၏ဟုဆုရာ၌ ထိုသူကိုဆိုလိုသနည်း။

  9. ငါခံရသောဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည်ထောင်လွားသောစိတ်မရှိစေခြင်းငှါ၊ ငါ့ကို ဒဏ် ခတ်သော စာတန်၏တမန်တည်းဟူသော ငါ့ကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏။