- English
- King James KJV
- Complete Jewish CJB
- World English WEBM
- Berean Standard BSB
- American Standard ASV
- Geneva GNV
- Young's Literal YLT
- Douay-Rheims DRC
- International
- Shqip ALB
- العربية SVD
- বাংলা BN-IRV
- မြန်မာ Judson
- 简体文 CUV-S
- 繁體中文 CUV-T
- Čeština BKR
- Nederlands STVE
- Français LSG
- Deutsch SCH
- Ελληνικά Vamvas
- ગુજરાતી GU-IRV
- Hausa HCB
- עברית Hebrew
- हिन्दी HCV
- Magyar KAROLI
- Bahasa Indonesia INDO-TB
- Italiano Diodati
- 日本語 Kougo
- 한국어 Korean
- മലയാളം MAL
- मराठी MRCV
- Norsk DNB
- فارسی OPV
- Polski BG
- Português Almeida
- Română Cornilescu
- Русский Synodal
- Español RVG
- Kiswahili Neno
- Svenska SV1917
- Tagalog TAG-ADB
- தமிழ் TCV
- తెలుగు TSA
- ภาษาไทย THAI-KJV
- Українська Ohienko
- Tiếng Việt CADMAN
- Yorùbá YCB
Menstruation အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ထိုအခါ အာဗြဟံနှင့်စာရာသည် အသက် အရွယ်ကြီးရင့်လှပြီ။ စာရာသည် မိန်းမတို့၌ ဥတုရောက်မြဲ ရှိသည့်အတိုင်း မရောက်ပြီ။
ရာခေလက၊ သခင်ရှေ့မှာ ကျွန်မမထနိုင်သည် ဖြစ်၍၊ စိတ်ရှိတော်မမူပါနှင့်။ မိန်းမတို့၌ ဖြစ်မြဲရှိသည် အတိုင်း၊ ကျွန်မ၌ဖြစ်ပါသည်ဟု အဘအား ဆိုလေ၏။ ထိုသို့လာဗန်သည် ရှာဖွေ၍ ရုပ်တုတို့ကိုမတွေ့ရ။
မိန်းမသည် ဥတုရောက်လျှင်၊ ခုနစ်ရက်ပတ်လုံး ဥတုမစင်ကြယ်ရာ၌ နေရမည်။ သူ့ကို ထိသောသူ သည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ဥတုမစင်ကြယ်လျက် အိပ်သမျှ၊ ထိုင်သမျှတို့သည် မစင်ကြယ်ဖြစ်၏။
သူ၏အိပ်ရာ၊ သူ၏ထိုင်ရာကို ထိသောသူသည် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကို ရေချိုးရမည်။
ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
သူ၏နေရာထိုင်ရာစွန်းလျှင်၊ ထိုနေရာထိုင်ရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ဥတုရောက်သော မိန်းမနှင့် သံဝါသပြုသောသူသည် ခုနှစ်ရက်ပတ်လုံး မစင်ကြယ်၊ အိပ်ရာရှိသမျှ လည်း မစင်ကြယ်ဖြစ်၏။
ဥတုမစင်ကြယ်ရာ ကာလလွန်မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မှီတိုင်အောင် ဥတုမစင် ကြယ်လျက် နေရသကဲ့သို့ မစင်ကြယ်ဖြစ်၏။
အနာမပျောက်မှီတိုင်အောင် သူ၏အိပ်ရာသည် ဥတုမစင်ကြယ်ရာ အိပ်ရာကဲ့သို့၎င်း၊ ထိုင်ရာသည် ၎င်း မစင်ကြယ်ဖြစ်၏။
ထိုအရာတို့ကို ထိသောသူသည်လည်း မစင်ကြယ်သောကြောင့်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ထိုမိန်းမသည် သွေးယိုနာပျောက်၍ ခုနစ်ရက်လွန်လျှင် စင်ကြယ်လိမ့်မည်။
အဋ္ဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို ပူဇော်၍၊ ဥတုမစင် ကြယ်သော မိန်းမအဘို့ ထာဝရဘုရား ရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုရမည်။
ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။
ထုလုပ်သောငွေရုပ်တုတန်ဆာနှင့် သွန်းသော ရွှေရုပ်တုတန်ဆာများကို မရိုမသေပြု၍၊ ညစ်ညူးသော အဝတ်ကဲ့သို့ ပစ်ပယ်လျက်၊ သွားတော့ဟု ဆိုရလိမ့်မည်။
တော၌ လှည့်လည်၍ ကိလေသာရာဂစိတ်နှင့် လေကိုရှူတတ်သော မြည်းရိုင်းမပါတကား။ အချိန်ရောက် သောအခါ အဘယ်သူ ဆီးတားနိုင်သနည်း။ သူ့ကိုရှာအံ့ သောငှါ အဘယ်သူမျှ ပင်ပန်းခြင်းကို မခံရ။ အချိန်စေ့ သောအခါ သူ့ကိုတွေ့လိမ့်မည်။
ဇိအုန်သတို့သမီးသည် မိမိလက်ဝါးတို့ကို ဖြန့် သော်လည်း၊ နှစ်သိမ့်စေသောသူမရှိ။ ထာဝရဘုရားသည် ယာကုပ်ပတ်လည်၌ ရန်သူတို့ကို ခန့်ထားတော်မူပြီ။ ယေရုရှလင်မြို့သည် သူတို့တွင် ရွံ့ရှာဘွယ် ဖြစ်လေ၏။
တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊
အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ ဖြစ်၏။