Lion အကြောင်း ကျမ်းစာအခန်းငယ်များ: Disobedient prophet slain by
Disobedient prophet slain by အကြောင်း အခန်းငယ်များ
လမ်းမှာခြင်္သေ့တွေ့၍ သတ်၏။ အသေကောင်သည် လမ်း၌ လဲ၍၊ မြည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေ၏။
အသေကောင်သည် လမ်း၌လဲ၍ မည်းနှင့်ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို ခရီးသွားသော သူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ၍ သိတင်းပြောကြ၏။
ခေါ်ခဲ့သောပရောဖက်သည် ထိုသိတင်းကိုကြားလျှင်၊ ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သော ဘုရားသခင်၏ လူဖြစ်လိမ့်မည်။ ထာဝရဘုရားသည် ထိုသူအား မိန့်တော်မူသော စကားအတိုင်း၊ သူ့ကိုခြင်္သေ့၌ အပ်တော်မူသဖြင့်၊ ခြင်္သေ့သည် ကိုက်သတ်လေပြီတကား ဟု ဆိုလျက်၊
မြည်းပေါ်မှာ ကုန်းနှီးကို တင်ကြလော့ဟု သားတို့အား ဆိုသည်အတိုင်း သူတို့သည် ကုန်းနှီးတင်ကြ၏။
ပရောဖက်သွား၍ အသေကောင်သည် လမ်း၌ လဲလျက်၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေလျက် ရှိသည်ကိုတွေ့၏။ ခြင်္သေ့သည် အသေကောင်ကိုမစား၊ မြည်းကိုလည်း မကိုက်။