Leah အကြောင်း ကျမ်းစာအခန်းငယ်များ: Flees with Jacob
Flees with Jacob အကြောင်း အခန်းငယ်များ
ကျွန်မနှစ်ယောက်ကိုကား၊ သူတို့သားများနှင့် ရှေ့ကနေစေ၍၊ လေအာနှင့်သူ၏သားတို့ကို အလယ်၌ ၎င်း၊ ရာခေလနှင့် ယောသပ်ကို နောက်၌၎င်း ထားလေ ၏။
သူတို့ရှေ့မှာ ကိုယ်တိုင်လွန်သွား၍၊ ခုနစ်ကြိမ် တိုင်အောင် ဦးညွှတ်ပြပ်ဝပ်လျက်၊ အစ်ကိုအနီးသို့ ချဉ်းကပ်လေ၏။
ထိုအခါ ဧသောသည် ကြိုဆိုခြင်းငှါ ပြေးလာ၍၊ လည်ချင်းရှက်လျက်၊ ပိုက်ဘက်နမ်းရှုတ်ခြင်းကိုပြု၍၊ နှစ်ယောက်စလုံးတို့သည် ငိုကြွေးကြ၏။
ထိုနောက်၊ မြော်ကြည့်၍၊ မိန်းမများ၊ သူငယ် များကို မြင်လျှင်၊ သင်၌ပါသော ဤသူတို့သည်၊ အဘယ် သူနည်းဟုမေးသော်၊ ကိုယ်တော်၏ ကျွန်အား၊ ဘုရား သခင်ပေးသနားတော်မူသော သူငယ်ဖြစ်ကြပါ၏ဟု ပြန်ပြောပြီးမှ၊
ကျွန်မတို့သည်၊ မိမိတို့သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။
ထိုနောက်၊ လေအာသည် သူ၏သားများနှင့် ချဉ်းကပ်၍ ဦးညွှတ်ကြ၏။ ထိုနောက်၊ ယောသပ်နှင့် ရာခေလသည် ချဉ်းကပ်၍ ဦးညွှတ်ခြင်းကို ပြုကြ၏။