Harlot အကြောင်း ကျမ်းစာအခန်းငယ်များ: Rahab
Rahab အကြောင်း အခန်းငယ်များ
ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။
ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား နှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ၏။ သို့ရာ တွင် အဘယ်အရပ်ကလာသည်ကို မသိပါ။
မိုဃ်းချုပ်၍ တံခါးပိတ်ချိန်ရှိသောအခါ၊ သူတို့ သည် ထွက်သွားကြပါ၏။ အဘယ်အရပ်သို့ ထွက်သွား သည်ကို မသိပါ။ အလျင်အမြန်လိုက်ကြလော့။ မှီကောင်း မှီပါလိမ့်မည်ဟု ပြန်ပြော၏။
သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ၍၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ။