Evil-Merodach အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ် ခုနစ် ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရော ဒက်နန်းစံ စက၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲက နှုတ်၍ ချမ်းသာပေးလေ၏။
ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ ရှိသောမင်း ကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။
ယေခေါနိမင်းသည် ထောင်ထဲမှာ ဝတ်သော အဝတ်ကို လဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ်အထံတော်၌ စားသောက်ရ၏။
အသက်ရှည်သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာဘို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။ ဓမ္မရာဇဝင်စတုတ္ထစောင်ပြီး၏။
ယုဒရှင်ဘုရင်ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ်ငါး ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမရောဒက် နန်းစံစက ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲကနှုတ် ၍ ချမ်းသာပေး လေ၏။
ကောင်းမွန်စွာ နှုတ်ဆက်၍သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှ အထံတော်၌ရှိသော မင်းကြီးများထိုင်ရာပလ္လင်တို့ ထက်ချီးမြှင့်လေ၏။
ယေခေါနိမင်းသည် ထောင်ထဲမှာဝတ်သော အဝတ်ကိုလဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ် မပြတ်အထံတော်၌ စားသောက်ရ၏။
အသေမှီတိုင်အောင် အသက်ရှည်သမျှ နေ့ရက် အစဉ်မပြတ်သူစားစရာဘို့၊ ဗာဗုလုန်ရှင်ဘုရင် ပေးသနား တော်မူ၏။ ပရောဖက်ယေရမိစီရင်ရေးထေားသော အနာဂတ္တိကျမ်းပြီး၏။