Skip to content

Employee အကြောင်း ကျမ်းစာအခန်းငယ်များ

33 အခန်းငယ် · 4 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ် သောသူငှားကို မညှဉ်းဆဲရ။

  2. နေ့စဉ်မပြတ် သူ့အခကို ပေးရမည်။ မပေးဘဲ နေမဝင်စေနှင့်။ သူသည် ဆင်းရဲသောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရ ဘုရားကို အော်ဟစ်သဖြင့် သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။

  3. လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။

  4. ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊

  5. ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ၏အငန်း အတာ ဖြစ်၏။

  6. ဥပမာကား၊ ကောင်းကင်နိုင်ငံတော်သည် စပျစ်ဥယျာဉ်ကို လုပ်ဆောင်သောသူတို့ကို ငှါးခြင်းငှါ နံနက် စောစောထွက်သွားသော အိမ်ရှင်နှင့်တူ၏။

  7. ထိုသူသည် တနေ့လျှင် ဒေနာရိတပြားစီပေးမည်ဟူ၍ လုပ်ဆောင်သောသူတို့နှင့် ဝန်ခံပြီးမှ စပျစ် ဥယျာဉ်သို့ စေလွှတ်လေ၏။

  8. နံနက်တချက်တီးအချိန်၌ ထွက်ပြန်လျှင်၊ အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ဈေး၌ရပ်နေသည် ကို မြင်၍၊

  9. သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့သွားကြ။ တော်လျော်စွာ ငါပေးမည်ဟုဆိုလျှင် ထိုသူတို့သည် သွားကြ ၏။

  10. တဖန် နှစ်ချက်တီးအချိန်၊ တဖန် သုံးချက်တီးအချိန်၌ ထွက်၌ရှေ့နည်းအတူပြုလေ၏။

  11. ဆယ်တနာရီအချိန်၌လည်း ထွက်ပြန်လျှင် အခြားသောသူတို့သည် အလုပ်ကိုမလုပ်၊ ရပ်နေသည်ကို တွေ့၍၊ သင်တို့သည် တနေ့လုံးအလုပ်ကိုမလုပ်ဘဲ ဤအရပ်၌ အဘယ်ကြောင့်နေကြသနည်းဟုမေးသော်၊

  12. ထိုသူတို့က၊ ကျွန်တော်တို့ကိုအဘယ်သူမျှ မငှါးပါဟု ပြောဆိုကြလျှင်၊ သင်တို့လည်း ငါ့စပျစ်ဥယျာဉ်သို့ သွားကြသော် လျော်စွာရကြလိမ့်မည်ဟု ဆိုလေ၏။

  13. ညအချိန် ရောက်သောအခါ စပျစ်ဥယျာဉ်ရှင်က လုပ်ဆောင်သော သူတို့ကိုခေါ်ခဲ့လော့။ နောက်ဝင် သောသူမှစ၍ အရင်အဦးဝင်သောသူတိုင်အောင် အခကိုပေးလော့ဟု မိမိစာရေးကိုမှာလိုက်လေ၏။

  14. ထို့ကြောင့် ဆယ်တနာရီအချိန်၌ ဝင်သောသူတို့သည်လာ၍ ဒေနာရိတပြားစီ ခံကြ၏။

  15. အရင်ဝင်သောသူတို့သည် လာကြသောအခါ ငါတို့သည်သာ၍ရမည်ဟု စိတ်ထဲမှာထင်မှတ်သော် လည်း ဒေနာရိတပြားစီ ခံရကြ၏။

  16. ထိုသို့ခံပြီးလျှင် အိမ်ရှင်ကို ကဲ့ရဲ့ပြစ်တင်၍၊

  17. နောက်ဝင်သောသူတို့သည် တနာရီခန့်မျှသာ လုပ်ဆောင်သော်လည်း၊ တနေ့လုံးအမှုဝန်ကို ထမ်းရွက် ၍ နေပူဆင်းရဲခံရသော အကျွန်ုပ်တို့နှင့်အညီအမျှ ကိုယ်တော်စီရင်ပါပြီတကားဟု ဆိုကြ၏။

  18. အိမ်ရှင်ကလည်းအဆွေ၊ သင်၌ မတရားသောအမှုကိုငါမပြု။ ဒေနာရိတပြားကိုအမှတ်ပြု၍ သင်သည် ငါနှင့်ဝန်ခံသည်မဟုတ်လော။

  19. သင်၏ဥစ္စာကို ယူ၍သွားလော့။ နောက်ဝင်သောသူတို့အား သင်နှင့်အညီအမျှပေးခြင်းငှါ ငါအလိုရှိ၏။

  20. ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှမပြုရာသလော။ ငါ့သဘောကောင်းသောကြောင့် သင်သည် မျက်မုန်း ကြိုးရသလောဟု ဆိုလေ၏။

  21. အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။

  22. အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။

  23. ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။

  24. နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။

  25. နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။