Duty Toward The Afflicted အကြောင်း ကျမ်းစာအခန်းငယ်များ: To relieve them
To relieve them အကြောင်း အခန်းငယ်များ
အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက် သော သူတစုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာ နေသောသူ တစုံတယောက်ကို ငါမြင်၍၊
သူ၏ခါးသည် ငါ့ကို ကောင်းကြီးမပေး။ ငါ့ သိုးမွေးအားဖြင့် မနွေးဘဲနေသော်၎င်း၊
မွတ်သိပ်သော သူနှင့် ဆင်းရဲခံရသော သူကို သနားသောစိတ်နှင့်ချမ်းသာပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်းသည် ပေါ်ထွန်း၍၊ သင်၏ မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ ဖြစ်လိမ့်မည်။
သို့သော်လည်း ဆင်းရဲဒုက္ခကိုငါ ခံရစဉ်အခါ၊ သင်တို့သည် ငါနှင့်ဆက်ဆံသောအားဖြင့် ကောင်းမွန်စွာ ပြုကြပြီ။
ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဘူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။