Dumb အကြောင်း ကျမ်းစာအခန်းငယ်များ: Miraculous healing of, by Jesus
Miraculous healing of, by Jesus အကြောင်း အခန်းငယ်များ
ထိုသူတို့သည် ထွက်သွားကြသည်နောက်၊ နတ်ဆိုးစွဲသော လူအ တယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော၏။ လူအစုအဝေးတို့သည်လည်း အံ့ဩ၍၊ ဣသရေလအမျိုး၌ ဤကဲ့သို့ မမြင်ရစဖူးဟု ပြောဆိုကြ၏။
များစွာသောလူအပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြား သော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ရောက်လာ၍ ခြေတော်ရင်း၌ချထားကြ၏။
အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကို၎င်း၊ ချို့တဲ့သောသူ သည် ပကတိဖြစ်သည်ကို၎င်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကို၎င်း၊ မျက်စိကန်းသောသူသည် မြင်ရ သည်ကို၎င်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင်ဂုဏ် တော်ကို ချီးမွမ်းကြ၏။
ထိုအခါ လူများတို့သည် စုဝေးလျက် ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင်၊ နားပင်း၍ စကား အ သောနတ်၊ သူငယ်မှထွက်လော့၊ နောက်တဖန်မဝင်နှင့် ငါအမိန့်ရှိ၏ဟု ထိုညစ်ညူးသောနတ်ကို ဆုံးမ၍ မိန့် တော်မူသဖြင့်၊
နတ်သည် အော်ဟစ်၍ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီဟု လူများဆိုကြ၏။