Defilement အကြောင်း ကျမ်းစာအခန်းငယ်များ: Touching anything defiled by an issue, &c
Touching anything defiled by an issue, &c အကြောင်း အခန်းငယ်များ
သူ၏အိပ်ရာကိုထိသောသူ၊ သူ့ထိုင်ရာအပေါ်မှာ ထိုင်သောသူ၊
သူ၏ ကိုယ်ကို ထိသောသူ၊
သူ၏ တံထွေးထိမိသောသူသည်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကိုရေးချိုးရမည်။
ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ရိနာစွဲသော သူစီးသော ကုန်းနှီးလည်းမစင်ကြယ်။
သူ့အောက်၌ရှိသောအရာကို ထိသောသူသည် ညဦးတိုင်အောင် မစင်ကြယ်။ ထိုအရာ တစုံတခုကို ဆောင်သောသူသည်၊ မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။
ရိနာစွဲသောသူသည်၊ လက်မဆေးဘဲ သူတပါးကို လက်နှင့်ထိလျှင်၊ ထိုသူသည် မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုးရမည်။ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။