အကြောင်းအရာသို့ ကျော်သွားရန်

Burial အကြောင်း ကျမ်းစာအခန်းငယ်များ: The Jews anxious to be interred in their family places of

3 အခန်းငယ် · 56 ရှုထောင့်

The Jews anxious to be interred in their family places of အကြောင်း အခန်းငယ်များ

  1. ဣသရေလသည် သေရသောအချိန်နီးသော်၊ သားယောသပ်ကို ခေါ်၍ ငါ့ကိုသနားလျှင် သင်၏ လက်ကို ငါ့ပေါင်အောက်၌ ထားပါလော့။ ကရုဏာသစ္စာ နှင့်အညီ ငါ၌ပြုပါ။ အဲဂုတ္တုပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။

  2. ငါသည်ဘိုးဘေးနှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တု ပြည်မှ ငါ့ကို ဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ် ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည် အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံလေ၏။

  3. ငါ့အားကျိန်ဆိုခြင်းကို ပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကို ပြု၏။ ဣသရေလသည်လည်း ခုတင် ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။