Bread အကြောင်း ကျမ်းစာအခန်းငယ်များ: In ovens
In ovens အကြောင်း အခန်းငယ်များ
ထိုသူအပေါင်းတို့သည် မတရားသော မေထုန် ဖြင့် မှားယွင်းသော သူဖြစ်၍၊ မီးထည့်သော မုန့်သည်၏ မီးဖိုနှင့်တူကြ၏။ မုန့်စိမ်းကိုနယ်ပြီးမှ မဖေါင်းကြွမှီတိုင် အောင်၊ မီးကိုမဆော်ဘဲ ငြိမ်ဝပ်စွာ နေရ၏။
ငါတို့ရှင်ဘုရင်၏ နှစ်စဉ်ပွဲနေ့၌ မင်းတို့သည် စပျစ်ရည်အရှိန်နှင့် ယစ်မူး၍ ရှင်ဘုရင်သည် မထီမဲ့မြင် ပြုသော သူတို့ကို လက်ခံတတ်၏။
အကယ်စင်စစ် သူတို့သည် ချောင်း၍ ကြည့် လျက်၊ နေကြစဉ် မိမိတို့နှလုံးကိုမီးဖိုကဲ့သို့ ပြင်ဆင်ကြပြီ။ သူတို့မုန့်သည် တညဉ့်လုံးအိပ်သော်လည်း နံနက်အချိန်၌ တောက်သော မီးကဲ့သို့ လောင်လျက်ရှိ၏။
ထိုသူအပေါင်းတို့သည် မီးဖိုကဲ့သို့ ပူကြ၏။ မိမိတို့ တရားသူကြီးများကို လောင်ကြပြီ။ သူတို့ရှင်ဘုရင် အပေါင်းတို့သည် လဲကြပြီ။ ငါ့ကိုဟစ်ခေါ်သော သူတယောက်မျှမရှိ။