အကြောင်းအရာသို့ ကျော်သွားရန်

Baruch အကြောင်း ကျမ်းစာအခန်းငယ်များ

40 အခန်းငယ် · 3 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ရှင်ဘုရင်မှစ၍၊ ထိုစကားအလုံးစုံတို့ကို ကြား သော ရှင်ဘုရင်၏ ကျွန်တယောက်မျှမကြောက်၊ မိမိ အဝတ်ကိုလည်း မဆုတ်ကြ။

  2. ရှင်ဘုရင်သည် စာလိပ်ကိုမီးမရှို့စေခြင်းငှါ၊ ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော် လည်း၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။

  3. တဖန်ရှင်ဘုရင်သည် စာရေးဗာရုတ်နှင့် ပရော ဖက်ယေရမိကို ဘမ်းဆီးစေခြင်းငှါ၊ သားတော်ယေရ မေလ၊ အာဇရေလသားစရာယ၊ အာဗဒေလသားရှေလမိ တို့ကို စေလွှတ်လေ၏။ သို့ရာတွင်၊ ထာဝရဘုရားသည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားတော်မူ၏။

  4. ယေရမိနှုတ်မြွတ်သည်အတိုင်း ဗာရုတ်ရေးထား သော ထိုစာလိပ်ကို ရှင်ဘုရင်မီးရှို့သောနောက်၊ ထာဝရ ဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ သည်ကား၊

  5. သင်သည်အခြားသော စာလိပ်ကိုယူ၍၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သော အရင်စာလိပ်၌ ပါသမျှ သော စကားရင်းအတိုင်း ရေးထားလော့။

  6. သင်သည် ယုဒရှင်ဘုရင် ယောယကိမ်အား ပြောဆိုရမည်မှာ၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်သည် ဆက်ဆက်လာ၍ ဤပြည်ကို ဖျက်ဆီးလိမ့်မည်။ လူနှင့်တိရစ္ဆာန်အပေါင်းတို့ကို သုတ် သင်ပယ်ရှင်းလိမ့်မည်ဟူသော စကားကို အဘယ်ကြောင့် ရေးထားသနည်းဟု သင်သည်ဆို၍ စာလိပ်ကိုမီးရှို့ပြီ။

  7. ထိုကြောင့်၊ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူ၏အမျိုးအနွယ်သည် ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာ မထိုင်ရ။ သူ၏အသေကောင်ကို နေ့အချိန်၌နေပူထဲသို့ ၎င်း၊ ညဉ့်အချိန်၌နှင်းခဲထဲသို့၎င်း ပစ်လိုက်ကြလိမ့်မည်။

  8. သူမှစ၍ သူ၏သားမြေးတို့ကို၎င်း၊ သူ၏ ကျွန်တို့ကို၎င်း၊ အပြစ်နှင့်အလျောက် ငါစီရင်မည်။ သူတို့နှင့်ယေရှုရှလင်မြို့သူ ယုဒပြည်သားတို့သည် နား မထောင်၊ သူတို့အပေါ်သို့ ငါခြိမ်းသမျှသော ဘေးဥပဒ် တို့ကို ရောက်စေမည်ဟုမိန့်တော်မူ၏။

  9. ထိုအခါယေရမိသည်အခြားသော စာလိပ်ကို ယူ၍၊ နေရိသားစာ ရေးဗာရုတ်အားပေးသဖြင့်၊ ယုဒ ရှင်ဘုရင်ယောယကိမ်မီးရှို့သောစာ၌ ပါသမျှသော စကားတို့ကို ယေရမိသည်နှုတ်မြွတ်၍၊ ဗာရုတ်သည်ရေး ထား၏။ အလားတူသော စကားအများကိုလည်းထပ်၍ သွင်းရ၏။

  10. ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊

  11. ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည် ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊

  12. အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှါ၊

  13. ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိ၌အပ်သော လူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊

  14. ယုဒရှင်ဘုရင်ယောရှိသား ယောယကိမ် လက်ထက်၊ နေရိသားဗာရုတ်သည်၊ ယေရမိမြွက်ဆိုသည် အတိုင်း၊ စကားတော်များကို စာ၌ ရေးထားသောနောက်၊ ပရောဖက်ယေရမိသည် ဗာရုတ်အားဆင့်ဆိုရသော နှုတ် ကပတ်တော်ဟူမူကား၊

  15. အိုဗာရုတ်၊ သင်က၊ ငါသည်အမင်္ဂလာရှိ၏။ ထာဝရဘုရားသည် ငါဝမ်းနည်းစရာ အကြောင်းတပါး အပေါ်မှာတပါးကို ထပ်ဆင့်တော်မူသောကြောင့်၊ ငါသည် သက်သာမရ။ ညည်းတွား၍ စိတ်ပျက်ပါပြီဟု ဆိုသည်ဖြစ်၍၊ သင်သည်ဆင့်ဆိုရမည်မှာ၊ ဣသရေလ အမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါဆောက်သောအရာကို ငါဖြိုဖျက်မည်။ ငါစိုက် သော အရာတည်းဟူသော ဤပြည်ကို အကြွင်းမဲ့ ငါနှုတ် ပစ်မည်။