အကြောင်းအရာသို့ ကျော်သွားရန်

Jehudi

3 အခန်းငယ် · 1 မိသားစုဝင်

Jehudi ကို ဖော်ပြသော အခန်းငယ်များ

  1. ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှ ဆင်းသက်သောယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဘတ်သော စာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟုခေါ်ကြ၏။ နေရိသားဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍လာ၏။

  2. ရှင်ဘုရင်သည် ထိုစာလိပ်ကိုယူချေဟု၊ ယေဟုဒိ ကိုစေလွှတ်သဖြင့်၊ ယေဟုဒိသည် စာရေးတော်ဧလိရှမာ ၏ အခန်းထဲကယူ၍၊ ရှင်ဘုရင်အစရှိသော အထံတော်၌ ရပ်နေသော မှူးမတ်အပေါင်းတို့ရှေ့မှာ ဘတ်လေ၏။

  3. ယေဟုဒိသည် သုံးလေးခဏ်းလောက် ဘတ်မိ လျှင်၊ ရှင်ဘုရင်သည် စာရေး၏ထားနှင့်လှီး၍ မီးမယ်ဖျူး ပေါ်မှာရှိသော မီးထဲသို့ စာလိပ်ကို ချပစ်လျှင်၊ အကုန် အစင်ကျွမ်းလောင်လေ၏။