Achbor အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
အာခဗော်သား ဗာလဟာနန်မင်းသေ၍ သူ၏ အရာ၌ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီး မဟေတဗေလတည်း။
ထိုကာလတွင်၊ ဟရဟတ်သားဖြစ်သော တိကဝ ၏သား၊ အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မဟုလဒ သည် ယေရုရှလင်ပြင်မြို့၌နေသည် ဖြစ်၍၊ ယဇ်ပုရော ဟိတ် ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသဟိတို့ သည်ထိုမိန်းမထံသို့သွား၍ ပြောဆိုကြ၏။
ရှောလမင်းသေ၍ သူ၏အရာ၌ အာခဗော်သား ဗာလဟာနန်သည် မင်းပြုလေ၏။
ယဇ်ပုရောဟိတ် ဟိလခိ၊ ရှာဖန်သားအဟိကံ၊ မိက္ခာသား အာဗဒုန်၊ စာရေးတော်ရှာဖန်၊ မိမိကျွန်အာ သာယကို ခေါ်၍၊
ယောယကိမ်မင်းကြီးသည် အာခဗော်သား ဧလနာသန်နှင့်တကွ လူအချို့တို့ကို အဲဂုတ္တုပြည်သို့ စေလွှတ်၍၊
နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသားဒေလာယ၊ အာခဗော်သားဧလနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာန နိသားဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်း တို့သည် ထိုင်လျက်ရှိကြ၏။
ရှင်ဘုရင်သည် စာလိပ်ကိုမီးမရှို့စေခြင်းငှါ၊ ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့သည် တောင်းပန်သော် လည်း၊ ရှင်ဘုရင်သည် သူတို့စကားကို နားမထောင်။