Skip to content

Tabor

5 verses

32.6800, 35.3900 Google Maps တွင် ကြည့်ရန်

Tabor ကို ဖော်ပြသော အခန်းငယ်များ

  1. တာဗော်မြို့၊ ရာဟဇိမမြို့၊ ဗက်ရှေမက်မြို့သို့ ရောက်၍ ယော်ဒန်မြစ်၌ ဆုံးလေ၏။ ရွာနှင့်တကွ ဆယ် ခြောက်မြို့ရှိသတည်း။

  2. ထိုအခါ ဇေဘဟနှင့် ဇာလမုန္နတို့အား တာဗော်မြို့မှာ သင်တို့ သတ်ခဲ့သော သူတို့သည် အဘယ်သို့ သော သူဖြစ်သနည်းဟု မေးမြန်းသော်၊ ထိုသူတို့က၊ ကိုယ်တော်ဖြစ်သကဲ့သို့ သူတို့ရှိသမျှသည် ဖြစ်၍၊ ရှင်ဘုရင်သား၏ အဆင်းအရောင်နှင့် ပြည့်စုံကြပါ၏ဟု ပြန်ပြောသော်၊

  3. မြောက် မျက်နှာနှင့်တောင်မျက်နှာ ကိုလည်းဖန်ဆင်းတော်မူပြီ။ တာဗော်တောင်နှင့် ဟေရမုန် တောင်သည် နာမတော်ကို အမှီပြု၍ ရွှင်လန်းစွာ သီချင်း ဆိုကြပါ၏။

  4. ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါသည် အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင် ကဲ့သို့၎င်း၊ ပင်လယ်နားမှာကရမေလတောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာလိမ့်မည်။

  5. အို ယဇ်ပုရောဟိတ် တို့၊ ကြားကြလော့။ အိုဣသရေလအမျိုးသားတို့၊ နားထောင်ကြလော့။ အို နန်းတော် သားတို့၊ နားထောင်ကြလော့။ သင်တို့သည် စစ်ကြော စီရင်ခြင်းကို ခံရကြမည်။ အကြောင်းမူကား၊ သင်တိုသည် မိဇပါတောင်ပေါ်မှာကျော့ကွင်း၊ တာဗော်တောင်ပေါ်မှာထောင်သော ပိုက်ဖြစ်ကြပြီ။