အကြောင်းအရာသို့ ကျော်သွားရန်

Rome

9 verses

41.9000, 12.4800 Google Maps တွင် ကြည့်ရန်

Rome ကို ဖော်ပြသော အခန်းငယ်များ

  1. ဖြူဂိပြည်၊ ပမ်ဖုလိပြည်၊ အဲဂုတ္တုပြည်၌နေသောသူ၊ ကုရေနမြို့နှင့်စပ်သော လိဗုကျေးလက်၌ နေသော သူ၊ ရောမမြို့မှလာသောဧည့်သည်များ၊ ယုဒလူဖြစ်စေ၊ ဘာသာဝင်ဖြစ်စေ၊

  2. ထိုအခါယုဒလူအပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည်အကြောင်း၊ ကလောဒိမင်း အမိန့်တော်ရှိ သည်ဖြစ်၍၊ ပုန္တုပြည်သား အာကုလအမည်ရှိသော ယုဒလူတယောက်သည် ဣတလိပြည်မှလာ၍၊ မိမိမယား ပြစ်ကိလနှင့်တကွမကြာမမြင့်မှီ ရောက်လာသည်ကို ပေါလုတွေ့လျှင်သူတို့ဆီသို့ဝင်၍၊

  3. ထိုနောက်မှပေါလုက၊ ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည် ကိုရှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့ သို့သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊

  4. နက်ဖြန့်နေ့ညဉ့်တွင် သခင်ဘုရားသည် ပေါလု အနား၌ ပေါ်လာတော်မူလျက်၊ ပေါလု မစိုးရိမ်နှင့်။ ငါ၏ အကြောင်းအရာကို သင်သည် ယေရုရှလင်မြို့၌ သက်သေခံပြီးသည်နည်းတူ၊ ရောမမြို့၌ လည်းခံရလေ ဦးမည်ဟု မိန့်တော်မူ၏။

  5. ထိုမြို့၌ ညီအစ်ကိုအချို့တို့ကိုတွေ့၍ ခုနစ်ရက် နေကြပါဟု သူတို့သည်တောင်းပန်သည် အတိုင်းနေပြီးမှ၊ ရောမမြို့သို့ ခရီးသွားကြ၏။

  6. ရောမမြို့သို့ရောက်ကြသောအခါ တပ်မှူးသည် အကျဉ်းခံသောသူတို့ကို ကိုယ်ရံတော်မှူး၌ အပ်လေသော်၊ ပေါလုသည်မိမိကို စောင့်သောစစ်သူရဲတယောက်နှင့် အတူမိမိအလိုအလျောက်နေရသော အခွင့်ကိုရ၏။

  7. သခင်ယေရှုခရစ်နှင့်ငါတို့အဘတည်းဟူသော ဘုရားသခင့် အထံတော်ကကျေးဇူးတော်နှင့် ငြိမ်သက် ခြင်းသည် သင်တို့၌ ရှိပါစေသော။ သခင်ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ လူမျိုးအပေါင်းတို့သည် ယုံကြည် နားထောင်စေခြင်းငှါ။ ထိုသခင်ထံ၌ ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည် ခံရကြပြီ။ ထိုသခင်ခေါ် ထားတော် မူသောသင်တို့သည်လည်း ထိုလူမျိုးတို့၌ အပါ အဝင်ဖြစ်ကြ၏။

  8. သို့ဖြစ်လျှင်၊ ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကို ဟောခြင်းငှါ စေတနာစိတ်ရှိ၏။

  9. ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက်ငါ့ကိုရှာ၍တွေ့၏။