အကြောင်းအရာသို့ ကျော်သွားရန်

Gerizim

4 verses

32.1900, 35.2700 Google Maps တွင် ကြည့်ရန်

Gerizim ကို ဖော်ပြသော အခန်းငယ်များ

  1. သင်တို့သည်သွား၍ ဝင်စားလတံ့သောပြည်သို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်း တော်မူပြီးမှ၊ ကောင်းကြီးမင်္ဂလာကို ဂေရဇိမ် တောင်ပေါ် ၌၎င်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌၎င်း တင်ထားရ ကြမည်။

  2. သင်တို့သည် ယော်ဒန်မြစ်ကို ကူးသောနောက်၊ လူများတို့အား ကောင်းကြီးပေးခြင်းအလိုငှာ ဂေရဇိမ် တောင်ပေါ်မှာ ရပ်ရသော သူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။

  3. ဣသရေလအမျိုးသားတို့ကို ကောင်းကြီးပေး ခြင်း အလိုငှါ၊ ထာဝရဘုရား၏ကျွန် မောရှေမှာထားခဲ့ သည်အတိုင်း၊ ဣသရေလအမျိုး အသက်ကြီး၊ ဗိုလ်မင်း၊ တရားသူကြီး အမျိုးသားအပေါင်းတို့သည်၊ ယဇ်ပုရော ဟိတ် လေဝိသားထမ်းသော ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာနှစ်ဘက်၌ ရပ်၍၊ အမျိုးသားစစ်နှင့် တကျွန်းနိုင် ငံသားပါလျက်၊ ဂေရဇိမ်တောင်ပေါ်မှာ လူတဝက်၊ ဧဗလ တောင်ပေါ်မှာ တဝက်တို့သည် နေကြလျှင်၊

  4. ထိုအမှုကို ယောသံသည် ကြားသိသောအခါ၊ ဂေရဇိမ်တောင်သို့ သွား၍၊ တောင်ပေါ်မှာ ရပ်လျက် အသံကို လွှင့်၍ ကြွေးကြော်လေသည်မှာ၊ အိုရှေခင်မြို့သားတို့၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း၊ ငါ့စကားကို နားထောင်ကြလော့။