အကြောင်းအရာသို့ ကျော်သွားရန်

Kish

13 အခန်းငယ် · 12 မိသားစုဝင်

အခြားအမည်: Cis

Kish ကို ဖော်ပြသော အခန်းငယ်များ

  1. ဗင်္ယာမိန်အမျိုးသား အာဖိ၊ ဗေခေါရတ်၊ ဇေရော်၊ အဗျေလမှ ဆင်းသက်၍ ကိရှအမည်ရှိသော ဗင်္ယာမိန် အမျိုးသားတယောက် ရှိ၏။ သူသည်အလွန် ခွန်အားကြီးသောသူဖြစ်၏။

  2. ရှောလုအဘကိရှ၏ မြည်းတို့သည် ပျောက်သောကြောင့်၊ ကိရှက၊ သင်သည် ငယ်သားတယောက်ကို ခေါ်၍ မြည်းတို့ကို ရှာအံ့သောငှါ ထသွားလော့ဟု မိမိသား ရှောလုအားဆိုသည်အတိုင်း၊

  3. ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ၊ ကိရှ၏သား၌ အဘယ်သို့ ဖြစ်သနည်း။ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလော ဟု တယောက်ကိုတယောက် မေးမြန်းကြ၏။

  4. ဗင်္ယာမိန်အဆွေအမျိုးအလိုက် ချည်းကပ်စေပြီးမှ၊ မာတရိ အဆွေအမျိုးကို၎င်း၊ ကိရှ၏သား ရှောလု ကို၎င်း မှတ်တော်မူသဖြင့် သူ့ကိုရှာ၍ မတွေ့ကြ။

  5. ခမည်းတော် ကိရှနှင့် အာဗနာ၏ အဘနေရသည် အဗျေလ၏ သား ဖြစ်၏။

  6. ဗင်္ယာမိန်ပြည်။ ဇေလရှာ၊ ရှောလုအဘ ကိရှ၏ သင်္ချိုင်း၌ သင်္ဂြိုဟ်၍၊ ရှင်ဘုရင်မှာထားသမျှအတိုင်း ပြုကြ ပြီးသည်နောက်၊ နိုင်ငံတော်အဘို့ ဆုတောင်းသော စကားကို ဘုရားသခင် နားထောင်တော်မူ၏။

  7. သူ၏သားဦးကား အာဗဒုန်၊ သူ၏ညီကား ဇုရ၊ ကိရှ၊ ဗာလ၊ နေရ၊ နာဒပ်၊

  8. နေရသားကားကိရှ၊ ကိရှသားရှောလု၊ ရှောလု သား ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလ တည်း။

  9. And his firstborn son Abdon, then Zur, and Kish, and Baal, and Ner, and Nadab,

  10. And Ner begat Kish; and Kish begat Saul; and Saul begat Jonathan, and Malchishua, and Abinadab, and Eshbaal.

  11. ဒါဝိဒ်သည် ကိရှ၏သားရှောလုကို ရှောင်၍ ဇိကလတ်မြို့၌ နေစဉ်၊ သူ့ဘက်သို့ဝင်စားသောသူ၊

  12. ပရောဖက်ရှမွေလ၊ ကိရှသားရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှုအုပ်စိုးရကြ၏။

  13. နောက်တဖန် ရှင်ဘုရင်ကို တောင်းကြသော အခါရှောလု အမည်ရှိသော ကိရှ၏သား၊ ဗင်္ယာမိန် အမျိုးဖြစ်သောသူကို အနှစ်လေးဆယ်ပတ်လုံးပေးတော်မူ၏။