Repentance အကြောင်း ကျမ်းစာအခန်းငယ်များ: Denied to apostates
Denied to apostates အကြောင်း အခန်းငယ်များ
အလင်းသို့တခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော် ကိုခံယူခြင်း၊
ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို၎င်း၊ မြည်းစမ်းခြင်းရှိပြီးမှ၊
ရွေ့လျော့ဖေါက်ပြန်သောသူတို့သည်၊ မိမိတို့တွင် ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသောသူဖြစ်သောကြောင့်၊ နောက်တဖန်နောင်တရအံ့သောငှါ အသစ် ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။