Ehud
Ehud ကို ဖော်ပြသော အခန်းငယ်များ
နောက်တဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ၊ ကယ်တင်သော သခင်၊ လက်ျာလက်ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ၏။
ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကို လုပ်၍ လက်ျာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊
ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်း နေတတ်သော နွေနန်းဆောင်၌ ထိုင်နေစဉ်၊ ဧဟုဒသည် ချဉ်းကပ်၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင်၏ အမိန့်တော်ပါပါ၏ဟု လျှောက်သော်၊ ရှင်ဘုရင်သည် ထလေ၏။
ဧဟုဒသည် လက်ဝဲလက်ကို ဆန့်လျက် သန်လျက်ကို လက်ျာပေါင်မှ ထုတ်၍ ရှင်ဘုရင်၏ ဝမ်းကို ထိုးသဖြင့်၊
ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ်၍ သော့ခတ်လေ၏။
ထိုသို့ သူတို့သည် ငံ့နေကြစဉ်တွင်၊ ဧဟုဒသည် ဘေးလွတ်သဖြင့်၊ ကျောက်တိုင်တို့ကို လွန်၍ စိရပ်ရွာသို့ ရောက်ပြီးမှ၊
ဧဟုဒသေသောနောက်၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော်၌ တဖန် ဒုစရိုက်ကို ပြုသောကြောင့်၊
မာနဟက်မြို့သို့ နေရာပြောင်းသော ဂေဗမြို့သား အဆွေအမျိုးသူကြီး ဖြစ်သော ဧဟုဒ်သားကား၊ နေမန်၊ အဟိယ၊ ဂေရတည်း။