ဇာခရိအနာဂတ္တိကျမ်း 2:1-4
1
တဖန် ငါမျှော်ကြည့်၍၊ တိုင်းစရာကြိုးကို ကိုင် သော လူတဦးကို မြင်လျှင်၊
2
အဘယ်အရပ်သို့ သွားမည်နည်းဟု ထိုသူအား မေးသော်၊ ယေရုရှလင်မြို့ အလျားအနံကို သိလို၍ မြို့ကို တိုင်းခြင်းငှါ သွားသည်ဟု ပြန်ပြော၏။
3
ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်သွားသော်၊ အခြားသော ကောင်းကင်တမန်သည် ကြိုဆိုလျက်၊
4
သင်သည် ပြေး၍ ထိုလုလင်ကို ဆင့်ဆိုရမည်မှာ၊ ယေရုရှလင်မြို့သား လူသတ္တဝါတိရစ္ဆာန်တို့သည် အလွန် များသောကြောင့် ရွာတို့၌ နေရကြလိမ့်မည်။
Settings