Skip to content
ဇာခရိအနာဂတ္တိကျမ်း 11:7

ဇာခရိအနာဂတ္တိကျမ်း 11:7

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 7 ကို ပြသနေသည်။
4
ငါ၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သတ်ဘို့ရာ ထားသော ဤသိုးစုကို ကျွေးမွေး လော့။
5
ပိုင်သောသူတို့သည် သတ်၍ ကိုယ်အပြစ်ရှိသည် ကို မသိကြ။ ရောင်းစားသောသူတို့ကလည်း၊ ငါရတတ် သည်ဖြစ်၍ ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်းဟု ဆိုကြ၏။ သိုးထိန်းတို့သည်လည်း သနားခြင်း ကရုဏာမရှိကြ။
6
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့၎င်း၊ ရှင်ဘုရင် လက်သို့၎င်း အပ်သဖြင့်၊ သူတို့သည် တပြည်လုံးကို နှိပ် စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲ နေမည် ဟု မိန့်တော်မူ၏။
7
ထိုသို့ သတ်ဘို့ရာထားသော သိုးစုတည်းဟူ သော၊ ဆင်းရဲသောသိုးတို့ကို ငါကျွေးမွေးရ၏။ သိုးထိန်း တောင်ဝေးနှစ်စင်းကိုယူ၍၊ တစင်းကို ကျေးဇူးဟူ၍၎င်း၊ တစင်းကို အနှောင်အဖွဲ့ဟူ၍၎င်း ခေါ်ဝေါ်လျက်၊ သိုးစုကို ကျွေးမွေး၏။
8
သိုးထိန်းသုံးယောက်ကိုလည်း တလတွင် ငါပယ် ဖြတ်၏။ သူတို့ကြောင့် ငါ့စိတ်ငြီးငွေ့၏။ သူတို့သည်လည်း ငါ့ကို ရွံရှာကြ၏။
9
နောက်တဖန် သင်တို့ကို ငါမကျွေး။ သေသော အကောင်သည် သေပါလေစေ။ အသတ်ခံရသော အကောင်သည် ခံရပါလေစေ။ ကျန်ကြွင်းသောအကောင် တို့သည် တကောင်ကိုတကောင် စားပါလေစေဟု ငါဆို လျက်၊
10
ခပ်သိမ်းသောလူမျိုးတို့နှင့် အရင်ဖွဲ့သော ပဋိညာဉ်ကို ဖျက်လို၍၊ ကျေးဇူးအမည်ရှိသော ငါ၏ တောင်ဝေးကို ယူ၍ ချိုး၏။
Settings

Reading Style

Typeface

Font Size 19px

Reading Width 90 chars

Options