Skip to content
တိတုဩဝါဒစာ 3:12-15

နောက်ဆုံးညွှန်ကြားချက်များနှင့် နှုတ်ဆက်ခြင်း

တိတုဩဝါဒစာ 3:12-15
12
အာတေမသော်၎င်း၊ တုခိတ်သော်၎င်း၊ သင့်ဆီသို့ ငါစေလွှတ်သောအခါ နိကောပလိမြို့တိုင်အောင် ငါ့ထံသို့လာခြင်းငှါကြိုးစားလော့။ ဆောင်းကာလပတ်လုံး ထိုမြို့၌ ငါနေမည်ဟုအကြံရှိ၏။
13
ကျမ်းဆရာဇေနနှင့်အာပေါလု၌အဘယ်အရာမျှမလိုစေခြင်းငှါကြိုးစား၍လမ်း၌ပို့လော့။
14
ငါတို့၏လူများသည်လည်းအသီးမဲ့သောသူမဖြစ်၊ ကိုယ်သုံးစရာဘို့ရှိရမည်အကြောင်း၊ ကောင်းသော အကျင့်တို့ကို အမြဲကျင့်အံ့သောငှါ သင်ကြစေ။
15
ငါ့ထံမှာရှိသောသူအပေါင်းတို့သည်သင့်ကို နှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းနှင့်တကွငါတို့ကို ချစ်သော သူများကို နှုတ်ဆက်လော့။ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။အာမင်။ တိတူဩဝါဒစာပြီး၏။
Settings

Reading Style

Typeface

Font Size 19px

Options