Skip to content
ရှောလမုန်သီချင်း 8:3

ရှောလမုန်သီချင်း 8:3

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 3 ကို ပြသနေသည်။
1
ကိုယ်တော်သည် ကျွန်မ၏ မိခင်နို့ကိုစို့သော မောင်ရင်းကဲ့သို့ ဖြစ်စေချင်ပါ၏။ သို့ဖြစ်လျှင်၊ ကျွန်မ သည် ပြင်မှာတွေ့၍ နမ်းပါလိမ့်မည်။ သူတပါးမကဲ့ရဲ့ရ။
2
ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။
3
သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ။
4
ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။
5
မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာ သောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။
6
ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options