Skip to content
ရောမဩဝါဒစာ 9:20-23

ရောမဩဝါဒစာ 9:20-23

20
ဘုရားသခင်ကို ငြင်းဆန်သော အချင်းလူ၊ သင်သည်ကား အဘယ်သူနည်း။ လုပ်အပ်သော အရာ သည် လုပ်တတ်သောသူအား၊ အဘယ်ကြောင့် ငါ့ကို ဤသို့လုပ်သနည်းဟု ဆိုရမည်လော။
21
အိုးထိန်းသမားသည် အိုးမြေကို ပိုင်သည် မဟုတ်လော။ အိုးမြေတပုံတည်းနှင့်အိုးမြတ်၊ အိုးယုတ်ကို လုပ်ပိုင်သည်မဟုတ်လော။
22
ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍၊ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ အလိုတော်ရှိလျက်၊ ပျက်စီးခြင်းအဘို့ ပြင်ဆင်သော အမျက်ရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် မှန်လျှင် အဘယ်ပြောဘွယ်ရှိအံ့နည်း။
23
ချီးမြှောက်ခြင်းအဘို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာ အိုးများတည်းဟူသော၊

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်