Skip to content
ရောမဩဝါဒစာ 3:1-15

ရောမဩဝါဒစာ 3:1-15

1
ထိုသို့ဖြစ်လျှင်၊ ယုဒလူသည်အဘယ်သို့သာသနည်း။ အရေဖျား လှီးခြင်းအားဖြင့် အဘယ်အကျိုး ရှိသနည်း။
2
အထွေထွေသော အကျိုးများစွာရှိ၏။ ထူးမြတ်သော အကျိုးဟူမူကား၊ အရေဖျားလှီးခြင်းကို ခံသော ယုဒတို့သည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို ခံရကြ၏။
3
သူတို့တွင် အချို့မယုံသော်လည်း၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလော။
4
မဖျက်နိုင်ရာ။ သို့ဖြစ်၍မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်သောအခါ အောင်မြင်တော်မူ၏ ဟု ကျမ်းစာ၌လာသည်နှင့်အညီ၊ လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း။
5
ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ် သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။
6
ထိုသို့မဟုတ်ရာ။ ဟုတ်လျှင်လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း။
7
ထိုမှတပါးငါသည် သစ္စာပျက်သောအားဖြင့် ဘုရားသခင်၏ သစ္စာတော်သည် ဂုဏ်အသရေတော်ကို တိုးပွါးစေလျှင်၊ ငါ့ကို အပြစ်ရှိသောသူကဲ့သို့ အဘယ်ကြောင့် စီရင်သေးသနည်းဟူ၍ မေးပြန်လျှင်၊
8
ကောင်းသောအကျိုးရှိစေခြင်းငှါ မကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့ဟု လူအချို့တို့သည် ငါတို့ကို ကဲ့ရဲ့လျက်၊ ငါတို့စကား ကိုပြန်ပြောသည်အတိုင်း ဆိုဦးမည်လော။ ထိုသို့ဆိုသောသူတို့သည် ကိုယ်အပြစ် ဒဏ်ကို ခံထိုက်ကြ၏။
9
ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်။ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ပြခဲ့ပြီ။
10
ကျမ်းစာလာသည်ကား၊ ဖြောင့်မတ်သောသူမရှိ၊ တယောက်မျှမရှိ။
11
နားလည်သောသူမရှိ၊ ဘုရားသခင်ကို ရှာသော သူမရှိ။
12
လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူဖြစ်ကြပြီ။ ကောင်းသော အကျင့်ကို ကျင့်သောသူမရှိ၊ တယောက်မျှမရှိ။
13
သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ သူတို့သည်လျှာနှင့် လှည့်စားတတ် ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုး အဆိပ် အတောက်ရှိ၏။
14
သူတို့နှုတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသောစကားနှင့် ပြည့်ဝ၏။
15
သူတို့ခြေသည်လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options