Skip to content
ဆာလံကျမ်း 37:21-33

ဖြောင့်မတ်သောသူတို့၏ လုံခြုံခြင်းနှင့် ထောက်ပံ့တော်မူခြင်း

ဆာလံကျမ်း 37:21-33
21
မတရားသောသူသည် ချေးငှါး၍ မဆပ်ဘဲ နေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ သနားသော စိတ်ရှိ၍ ပေးတတ်၏။
22
ကောင်းကြီးပေးတော်မူခြင်းကို ခံရသောသူ သည် ပြည်တော်ကို အမွေခံရလိမ့်မည်။ ကျိန်တော်မူခြင်း ကို ခံရသော သူမူကား၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့် မည်။
23
ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရား သည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။
24
ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။
25
ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရ သည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍ စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည် ကာလမှစ၍ အိုသည်တိုင်အောင် မမြင်စဖူး။
26
သူသည်အစဉ်သနားသော စိတ်ရှိသည်နှင့်၊ သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍၊ သူ၏သားမြေး တို့သည် ကောင်းကြီးမင်္ဂလာကိုခံ ရကြ၏။
27
ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကို ပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေရလိမ့်မည်။
28
ထာဝရဘုရားသည် တရားကိုနှစ်သက်တော် မူ၏။ မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။ သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။မတရားသောသူ၏ သားမြေးတို့မူကား၊ ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။
29
ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေ ခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။
30
ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကို မြွက်ဆိုတတ်၏။ သူ၏လျှာသည်လည်း တရားသော စကားကို ပြောဆိုတတ်၏။
31
ထာဝရဘုရား၏ တရားတော်သည် သူ၏ စိတ်နှလုံးထဲမှာ တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။
32
မတရားသောသူသည် ဖြောင့်မတ်သောသူကို ချောင်းမြောင်း၍ သတ်ခြင်းငှါ ရှာကြံတတ်၏။
33
သို့သော်လည်း၊ ထာဝရဘုရားသည် ထိုသူ၏ လက်၌ ဖြောင့်မတ်သောသူကို စွန်ပစ်တော်မူမည်မဟုတ်။ အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည်မဟုတ်။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options