Skip to content
ဆာလံကျမ်း 31:19-24

ဘုရားသခင်၏ ကြီးမြတ်သောကောင်းမြတ်ခြင်းကို ချီးမွမ်းခြင်း

ဆာလံကျမ်း 31:19-24
19
ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံ သော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော် သည် အလွန်ကြီးလှပါ၏။
20
လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ၊ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားသော်မူ၏။ ရန်တွေ့ခြင်း အသံကိုကွယ်ကာ လျက်၊ တဲတော်တွင်သူတို့ကို စောင့်မတော်မူ၏။
21
ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံသောမြို့၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ။
22
အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုတ်လှုပ်လျက် ဆိုမိသော်လည်း၊ ကိုယ်တော်ကိုအော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကိုကိုယ်တော်နားထောင်တော်မူသတည်း။
23
ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာ ရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှား သောသူတို့ကိုကား၊ အပြစ်များစွာဆပ်ပေးတော်မူ သတည်း။
24
ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့၊ အာယူ၍ ရဲရင့်သော စိတ်နှလုံးရှိကြလော့။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options