Skip to content
သုတ္တံကျမ်း 28:19-28

လုံ့လဝီရိယ၊ စည်းစိမ်နှင့်ကိုးစားခြင်း

သုတ္တံကျမ်း 28:19-28
19
လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
20
သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။
21
လူမျက်နှာကို မထောက်ကောင်း။ သို့သော် လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည်။
22
ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။
23
ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။
24
အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကို လုယူသော သူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဘော်ဖြစ်၏။
25
စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။
26
မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။
27
ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
28
မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options