Skip to content
သုတ္တံကျမ်း 10:8-14

စကားပြောခြင်း၌ပညာနှင့်ဆုံးမပဲ့ပြင်ခြင်း

သုတ္တံကျမ်း 10:8-14
8
လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။
9
ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။
10
မျက်စိမှိတ်သောသူသည် စိတ်ကိုပူစေတတ်၏။ စကားများသော လူမိုက်မူကားဆုံးရှုံးတတ်၏။
11
ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
12
မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ်၏။ ချစ်သော စိတ်မူကား၊ ခပ်သိမ်းသော အပြစ် တို့ကို ဖုံးအုပ်တတ်၏။
13
ဉာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဉာဏ်မဲ့သောသူ၏ကျောအဘို့မူကား ကြိမ်လုံးရှိ၏။
14
ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options