Skip to content
တောလည်ရာကျမ်း 32:16-18

တောလည်ရာကျမ်း 32:16-18

16
ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ်၌ သိုးခြံတို့ကို၎င်း၊ ကျွန်တော်တို့ သူငယ်များ အဘို့ မြို့တို့ကို၎င်း တည်ပါမည်။
17
သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့ နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင်၊ ကျွန်တော် တို့သည် လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။
18
ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံ ရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့ မပြန်မလာပါ။

ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်