တောလည်ရာကျမ်း 3:1-4
1
ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ မောရှအား ဗျာဒိတ်ပေးတော်မူသောအခါ၊ အာရုန်နှင့် မောရှေအမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများကို မှတ်သားသည်တွင်၊
2
အာရုန်၏သားဟူမူကား၊ သားဦးနာဒပ်၊ ညီအဘိ ဟု၊ ဧလာဇာ၊ ဣသမာတည်း။
3
ဤသူတို့ကား၊ အဘသည် ယဇ်ပုရောဟိတ်အမှု ကို ဆောင်စေခြင်းငှါ ဆီလောင်းခြင်းဘိသိက်ကို ပေး၍ အရာ၌ခန့်ထားသော အာရုန်၏ သားဖြစ်ကြသတည်း။
4
နာဒပ်နှင့်အဘိဟုသည်၊ သိနာတောတွင် ထာဝရ ဘုရားရှေ့တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ ထာဝရဘုရားရှေ့တော်၌ သေကြ၏။ သူတို့၌ သားမရှိ သည်ဖြစ်၍၊ ဧလာဇာနှင့် ဣသမာသည်၊ အဘအာရုန် ရှေ့မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်ကြ၏။
Settings