Skip to content
တောလည်ရာကျမ်း 3:5-10

တောလည်ရာကျမ်း 3:5-10

5
ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား၊
6
သင်သည် လေဝိအမျိုးသားတို့ကို ခေါ်ခဲ့၍ ယဇ်ပုရောဟိတ် အာရုန်အမှုကို ဆောင်စေခြင်းငှါ၊ အာရုန်ထံ၌ နေရာချလော့။
7
သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်ရှေ့ မှာ၊ အာရုန်နှင့် ပရိသတ်အပေါင်းတို့ ဆောင်ရသော အမှု တည်းဟူသော တဲတော်အမှုကို ဆောင်ရွက်ရကြမည်။
8
သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော် တန်ဆာရှိသမျှတို့ကို ကြည့်ရှုပြုစု၍၊ ဣသရေလအမျိုး သားဆောင်ရသော တဲတော်အမှုကို ဆောင်ရကြမည်။
9
လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့၌ အပ်ရမည်။ ဣသရေလအမျိုးထဲက သူတို့ကိုရွေး၍ ငါ့အား အပိုင်ပေးရမည်။
10
အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
Settings

Reading Style

Typeface

Font Size 19px

Options